ဇွန်လ ၂၁ ရက်နေ့ တိုက်ပွဲသတင်းများ

ဇွန်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။

ကယားပြည်နယ်

ဖယ်ခုံမြို့နယ်၊ နောင်ဝိုးရွာအနီး မီတာ ၁၀၀၀ ခန့်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် KNDF အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူအရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ –

KNDF အလောင်း ၁ လောင်း သိမ်းဆည်းရရှိ။

ဖားဆောင်းမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား KNPP/KNDF အကြမ်းဖက်အဖွဲ့က Drone ၁ စီးဖြင့် Drop Bomb ၁ လုံး (၁) ကြိမ်၊ အလားတူ တပ်စခန်းတစ်ခုအား Drone ၁ စီးဖြင့် Drop Bomb ၄ လုံး (၁) ကြိမ်၊ မီးသတ်ရုံးအား အဝေးမှ လက်နက် ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်မှု (၁) ကြိမ် တိုက်ခိုက်ခဲ့၍ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်၍ ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့။

ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူစုံစမ်းဆဲဖြစ်ကြောင်း သိရှိရ။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွှာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအား လုံခြုံရေးအဖွဲ့များရှိနိုင်သည်ဟုဆိုကာ PNLO နှင့် ကယား PDF အဖွဲ့များ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့။ ထိုသို့ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားကြောင်း သိရှိရ။

အဆိုပါဖြစ်စဉ်အား ပြည်ဖျက်မီဒီယာများမှ ရိုးရာမပျက် စစ်တပ်နှင့် PNO အဖွဲ့များပစ်ခတ်သည်ဟု စွပ်စွဲရေးသားလျက်ရှိကြောင်း တွေ့ရှိရ။

ရခိုင်ပြည်နယ်

သံတွဲမြို့၏ အနီးပတ်ဝန်းကျင်တွင် သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေးအတွက် သံတွဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းများနှင့် AA သကသ ၇၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ AA သကသ ၁၀၀ ဦးခန့်ဖြင့် (၂)ကြိမ်၊ စုစုပေါင်း (၃)ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး –

AA အလောင်း ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်ကာဦးထုပ် ၂ လုံး သိမ်းဆည်းရရှိ။

စစ်ကိုင်းတိုင်း

ထီးချိုင့်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KIA/PDF သကသ ၁၀ ဦးခန့်တို့ ထီးချိုင့်မြို့၏ တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူတောင်ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ –

လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၅၇ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျောပိုးအိတ် ၂ လုံး သိမ်းဆည်းရရှိ။

မန္တလေးတိုင်း

မိုးကုတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးတို့ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အနောက်ရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ –

PDF(ဖမ်းဆီးရမိ) ၁ ဦး၊ MA-1 သေနတ် ၂ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၂၀၀ တောင့်၊ တဲ ၃ လုံး သိမ်းဆည်းရရှိခဲ့။

Posted in Uncategorized