တစ်သက်နဲ့တစ်ကိုယ် အခုမှမြင်ဖူးကြားဖူးတာပါ

အောင်ပန်းစျေးမှာ နေ့တိုင်း မြေကြီးခဲလာရောင်းတဲ့
မို့အို။

စားလို့ရတဲ့မြေခဲလေးတွေပါ။
မြေခဲတိုင်းစားလို့မရပါဘူး။

ပအိုဝ်းလူမျိုးအခေါ်အဝေါ်က
ဟမ်းတော့ လို့ခေါ်တယ်။
မြေကြီးတော့ဟုတ်တယ်၊
ရိုးရိုးမြေကြီးတော့ မဟုတ်ပါဘူး။

လွယ်လွယ်နဲ့ရှာလို့မရပါဘူး။
ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ်။
များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ်။
အစာပြေပေါ့။ ထမင်းစားပြီးရင် စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။

နို့ဆီဘူးတစ်ဗူး ငါးရာကျပ်ပါ။အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနည်းငယ်ပါပါတယ်။
အနည်းငယ်စပ်ပါတယ်။

ရှမ်းလို ‘လိန်ဟွမ်း’ လို့ခေါ်တယ်။
ဗမာလိုကျ ‘မြေကြီး‌မွှေး’ လို့အဓိပ္ပါယ်ရတယ်။
ရှမ်းပြည်တောင်ပိုင်းမှာဆို ပအို့လူမျိုးတွေ အစားများတယ်။

ရောင်းနေတဲ့အဖွား သနားလည်းသနားမိ၊
ချစ်ဖို့လည်းကောင်းလိုက်တာ🥰

Credit

Posted in Uncategorized