ဇူလိုင် ၁၄ ရက်နေ့တုန်းက လောက်ကိုင်က စစ်အခြေစခန်းပြုလုပ်ထားတဲ့နေရာကိုပစ်တာ ၁ လုံးတည်းပါ။ ဒါပေမယ့် အဆောက်အဦတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားပြီး အကြမ်းဖက် တရုတ်ကိုးကန့် MNDAA အဖွဲ့မှ ဒုတမဟမှူး ဝမ်ထန်ဖူးနဲ့ အပေါင်းအပါ ၂၃ ယောက် သေဆုံးသွားခဲ့ရတယ်။
ထူးခြားတာက ဒီသတင်းတွေကို ဘယ်သူပေးသလဲဆိုတာပါ။ ဖုန်တာရွှင်ကို မကျေနပ်တဲ့ ပယ်ဆောက်ချိန်တို့အမျိုး ကိုးကန့်တွေရယ်၊ မန္တလေးနဲ့ လောက်ကိုင်မှာရှိတဲ့ ကိုးကန့်လူမျိုးတွေရယ်ကလွဲရင် အခြားမရှိပါ။
MNDAA အဖွဲ့အနေနဲ့လည်း သူတို့အဖွဲရဲ့ အကြီးပိုင်းထဲကသေဆုံးမှုကို လက် အောက်အဖွဲ့တွေသိသွားရင် စိတ်ဓာတ်ကျမှာစိုးလို့ သတင်းအမှောင်ချပြီး နှုတ်ဆိတ်နေတာကို တွေ့ရပါတယ်။ #Crd