ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ရီ မောင်းနှင်ပြီး အိုက်တစ် လိုက်ပါလာသည့် Toyota Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၁၁၂၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)၊ လက်ကိုင်ဖုန်း ၂ လုံး၊ ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည် ၇၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဒီတိုနေတာ ၆၀ ချောင်းနှင့် ယမ်းပျော့ ၄၀ ချောင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
Related Posts
သီတင်းကျွတ်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ
- admin
- October 17, 2024
ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသမယတွင် ခင်ပွန်းကြီးဆယ်ပါးနဲ့ အသက်ဝါကြီးမြင့်သူများကိုလက်ဆယ်ဖြာထိပ်မှာမိုး၍ရှိခိုးကန်တော့ပါသည်🙏🙏🙏မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများညီငယ်ညီမငယ်များအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံလျက်အခက်ခဲမှန်သမျှ ကျော်လွှားနိုင်ပြီးစီးပွားဥစ္စာများယခုထက်ပိုမိုတိုးတက်ပါ စေ။ဘေးရန်ခပ်သိမ်းကြောင်းကျခပ်သိမ်းကင်းစင်ဝေး၍ ငြိမ်းအေးချမ်းသာပါစေလို့ တောင်းဆုမေတ္တာပို့သအပ်ပါတယ်🙏🙏🙏။
တောင်တွင်းကြီးမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းချပေး
- ပုည
- November 10, 2022
နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် တောင်တွင်းကြီးမြို့ရှိ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့တယ်လို့ သိရှိရပါတယ်။
တရုတ်နိုင်ငံသား ၁၀၄၂ ဦးအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ စနစ်တကျ ပြန်လည်လွှဲ ပြောင်းပေးအပ်
- ပုည
- November 21, 2023
နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသူ တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတို့ အား […]