ထန်တလန်မှာ အလောင်းမကောက်နိုင်ဘဲ ပြန်ပြေးသွားတဲ့ အကြမ်းဖက် CNA/CNF

ယနေ့ ဩဂုတ်လ ၇ ရက်နေ့၊ ညနေပိုင်းတွင် ထန်တလန်မြို့နယ်၊ တာဝါတိုင်စခန်းအား အကြမ်းဖက် CNA/CNF အင်အား ၁၀၀ ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ တပ်မတော်သားများမှ ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်ခဲ့မှုကြောင့် ရန်သူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ၎င်းတို့၏ အလောင်း/လက်နက်များအား ရသလောက်ဆွဲယူ၍ ထွက်ပြေးသွားခဲ့ပါတယ်။ ၎င်းဖြစ်စဉ်မှာ မိမိဘက် ထိခိုက်မှုမရှိဘဲ သိမ်းဆည်းရရှိတာ ကတော့ –
(၁) အကြမ်းဖက် အလောင်း ၃၀ လောင်း
(၂) သေနတ်မျိုးစုံ ၁၄ လက်
– BA-63 ၂ လက်
– MA-1 ၁ လက်
– MA-2 ၁ လက်
– MA-3 ၁ လက်
– K-42 ၁ လက်
– M-79 ၁ လက်
– KA ၇ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်များနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိပြီး ထပ်တိုး အလောင်း/ လက်နက်များ ရှိနိုင်ပါသေးတယ်။

#ပုံများရရှိပါက ထပ်မံဖော်ပြပေးသွားပါမယ်။

မြန်မာ့တပ်မတော်သားများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ။။

Posted in Uncategorized