ထပ်မံယှဉ်ပြိုင်ထိုးသတ်ဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ အောင်လအန်ဆန်ပြော

One Championship ပွဲစဉ်မှာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အောင်လအန်ဆန်က ထပ်မံယှဉ်ပြိုင်ထိုးသတ်ဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောဆိုလိုက်ပါတယ်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ အိုကာမီနဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့က ထိုးသတ်ခဲ့တဲ့ ဘရာဇီးဖိုက်တာတို့ကို အလဲထိုးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ထိုသို့ နှစ်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ထပ်မံယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ ဇန်နဝါရီလ ၁၉ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်အနေနဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံး လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုသာ ပြန်လည်ရယူနိုင်ရန်အတွက် ကြိုးပမ်းနေတာပါ။

အောင်လအန်ဆန်သည် ထပ်မံယှဉ်ပြိုင်ထိုးသတ်ဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ အသိပေးထားသော်လည်း ပြိုင်ဘက်ကစားသမား၊ ထိုးသတ်မယ့်ရက်နဲ့ ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ရခြင်း ရှိမရှိကိုတော့ One Championship က သတင်းထုတ်ပြန်သွားမှာလည်းဖြစ်ပါတယ်။

Posted in Uncategorized