ဒီဇင်ဘာ ၆ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ဝန်းကျင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား နံနက် ၁၀ နာရီ ခန့်တွင် KIA အဖွဲ့မှ Drone ၁ စီးဖြင့် Drop Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် တက္ကသိုလ်အနီး နွားကျောင်းနေသော အရပ်သား ကျား ၁ ဦဂသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

၂။ ကယားပြည်နယ် လွိုင်ကော်မြို့ တိုက် ၆ လုံးနေရာသို့ နံနက် ၉ နာရီခန့်တွင်လည်းကောင်း၊ လွိုင်ကော်အကျဉ်းထောင်သို့ ညနေ ၆ နာရီခန့်တွင်လည်းကောင်း KNPP/KNDF အဖွဲ့အင်အား ၄၀ခန့်က လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၃။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ဝန်းကျင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၄၀ ခန့်တို့ ၃ ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူသည် ထိခိုက်ဒဏ်ရာရသူများအား သယ်ဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

၄။ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးစခန်းအား နေ့လည် ၂ နာရီခန့်မှ ညနေ ၆ နာရီအထိ AA အဖွဲ့မှ အင်အား ၁၅၀ ခန့်ဖြင့် Drone များအသုံးပြုပြီးလာရောက်တိုက်ခိုက်နေသဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူပြီး ပြန်လည်တိုက်ခိုက်လျက်ရှိရာ ရန်သူသည် ထိရောက်သည့် လေကြောင်းပစ်ကူကြောင့် နှုံးဘူးစခန်းအနီးရှိ လျှိုများအတွင်း ပုန်းအောင်းနေကြောင်းသိရ။

၅။ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းနှင့် PDF ၂၀ ဦးခန့်တို့ ကုန်းကြီးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏ PDFအလောင်း ၄ လောင်း၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၆။ စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းကထိပ်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် CDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF ၇ လောင်း၊ လက်နက် ၇ လက်နှင့် ကျည်မျိုးစုံ ၃၂၄ တောင့် ရရှိခဲ့ကြောင်း သိရှိရ။

Posted in Uncategorized