1988 မှာ အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဝကို ရောက်လာခဲ့တယ်။ အဲဒီချိန်မှာ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်တပ်တွေ သန်းနဲ့ချီပြီး စစ်ရေးလှုပ်ရှား ဟန်ရေးပြခဲ့ကြတယ်။
အမေရိကန် စစ်သင်္ဘောတွေပေါ်က စစ်အင်အားတွေ ရန်ကုန်ကို ခြေချပြီဆိုတာနဲ့ မန္တလေးမြို့ကို ဝင်သိမ်းရန် အစီအစဉ်ချပြီးသား ဖြစ်တယ်။ အင်အားမကြီးသေးခင်အချိန်ကတည်းက ဒီလို့ Plan တွေရှိလို့ လျှော့မတွက် သင့်ပါ။ ယခုလို အင်အားကြီးလာချိန်မှာ ပိုလို့တောင် သတိထားရပါမယ်။
ယခု ရှမ်းမြောက်မှာ ဖြစ်ပေါ်နေတဲ့ ကျူးကျော်စစ်ကို ကြည့်မယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့လက်နက်စမ်းတွေကို မြန်မာ့မြေပေါ်မှာ Proxy သူပုန်မွေး၍ စမ်းသပ်သိမြင်ခွင့်ရရှိပြီး မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ရတာ မျက်မြင်ဖြစ်လို့ တရုတ်အန္တရာယ်ကို သတိပြုကာကွယ်ရန်မှာ မြန်မာနိုင်ငံသားတိုင်း တာဝန်ဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။
(အောင်နိုင်သူ)