နစကအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးကိစ္စရပ်တွေကို ဆွေရနွေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိူင်ငံနဲ့နယ်နိမိတ်ခြင်းထိဆက်နေတဲ့အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အခုလို တွေ့ဆုံစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးတွေဟာ နယ်စပ်လုံခြုံရေးကိစ္စရပ်တွေအပြင် ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဇူလိုင်လ (၁၄)ရက် ဒီနေ့မှာ နစကက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
𝙈𝙃𝙏𝙉𝙀𝙒𝙎