ဇူလိုင်လ ၁၁ ရက် မနေ့က နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့နယ် နှောပင်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ တဲများတွေ့ရှိရသဖြင့် အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာမှ-
- လက်လုပ်သေနတ် -၁ လက်
- လက်လုပ်မိုင်း -၉ လုံး
- ပြောက်ကျားယူနီဖောင်း- ၁ စုံ
- ပြောက်ကျားဦးထုပ် -၂ လုံး
- ဆိုင်ကယ် -၁ စီး
- လူနေတဲ -၅ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပြီး
ဆက်လက်၍ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ နေ့လည် ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ မြေနီပင်ရွာအနီးတွင် PDF များ၏ စခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ - လူနေတဲ -၁ လုံး
- လေ့ကျင်းရေးကွင်း -၁ ကွင်း
- လက်လုပ်သေနတ် -၁ လက်
- လက်လုပ်စိန်ပြောင်း -၁ လက်
- ဆိုလာ -၁ ချပ်
- ဘတ္တရီ -၃ လုံး
- ဝါယာကြိုး -၁ ခွေ
- အင်ဗာတာ -၁ လုံး
- ယမ်းကြိုး -၁ ခွေ
- ပစ္စည်းစုံသေတ္တာ -၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။