အောက်တိုဘာလ ၁၇ ရက် နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကိုင်းရွာရှိ ကျေးလက်ဆေးပေးခန်းတွင် အကြမ်းဖက် PDF များခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက် ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိ၍ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် အလောင်း ၃ လောင်း
- (ကျား) ၂ လောင်း
- (မ) ၁ လောင်း
(၂) သေနတ် ၂ လက်
-M-4 သေနတ် ၁ လက်
-AK-47 သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု
(၄) ကျည် ၄၅ တောင့်
(၅) ပြောက်ကျားယူနီဖောင်း ၂၀ စုံ
(၆) တီရှပ်(အစိမ်း) ၅ ထည်
(၇) ပြောက်ကျားဦးထုပ် ၄ လုံး
(၈) စစ်စိမ်းကျောပိုးအိတ် ၂၅ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။