ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ မောင်သူရိန်စိုး(ခ)စိုးပူ အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၂၀)သိန်း ထောက်ပံ့ပေးအပ်၍ မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။

အဆိုပါ မောင်သူရိန်စိုး(ခ)စိုးပူမှာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တပါမှော်တွင် ရွှေမျောလုပ်ကိုင်နေစဉ် KIA/NPDF အဖွဲ့မှ ဖမ်းဆီးခံခဲ့ရပြီး KIA တပ်ရင်း(၆)မှ ထွက်ပြေးလွတ်မြောက်လာကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရပါတယ်။ အမြင်မှန်ရတဲ့သူတွေကတော့ အလင်းပြန်ဝင်လာကြပြီနော် တောထဲမှာကျန်နေသေးတဲ့ လူငယ်လူရွယ်များကိုလည်း အမြင်မှန်တွေအမြန်ဆုံးရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Posted in Uncategorized