ပြည်သူ့စစ်မှုထမ်းနှင့် ပက်သက်၍ ပြည်သူများသတိပြုရမည့်အချက်များ

မွန်ပြည်နယ် မြို့နယ်တစ်ခုက ဥက္ကဌသားကစစ် မှုထမ်း ဘို့ မဲပေါက်တာ သူ့နာမည်နဲ့တခြားသူတစ်ဦးအစားထိုးဝင်ရောက်ခဲ့တာပေါ်ပေါက်ခဲ့ ဥပဒေအတိုင်းဆောင်ရွက်မည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ဖွင့်လှစ်ချိန် အလှည့်ကျပြည်သူ့စစ်မှုထမ်းများအား မြို့ရွာ၊ရပ်ကွက်၊ကျေးရွာအလိုက် လူအင်အားပေါ်မူတည်ပြီး အလှည့်ကျစစ်မှုထမ်းဆောင်ကြရပါသည်။

သို့ရာတွင် အချို့သောပြည်သူများသည် မိမိအလှည့်ကျချိန်တွင် အခြားသူတစ်ဦးအား ၄င်း၏အမည်ဖြင့် ငွေကြေးများထောက်ပံ့ကာ လူစားထိုးစစ်မှုထမ်းဆောင်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လျှက်ရှိပါသည်။

ထိုသို့အစားထိုးဝင်ရောက်စစ်မှုထမ်းဆောင်စေပါက မူလအမည်ဖြင့်တာဝန်ထမ်းရမည်သူ့၏အမည်ကိုပယ်ဖျက်ပြီး လက်ရှိလာရောက်စစ်မှုထမ်းဆောင်သူ၏အမည်ဖြင့်သာ စစ်မှုထမ်းဆောင်ပြီးပါက တာဝန်ကျေလက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

မူလအလှည့်ကျမှုအား မိမိအမည်ဖြင့် အစားထိုးစေလွှတ်ခဲ့သော်လည်း တာဝန်ထမ်းပြီးကြောင်း လက်မှတ်ရမည်မဟုတ်ဘဲ ငွေကြေးများသာဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Posted in Uncategorized