ပြည်သူ့စစ်မှုထမ်းများ ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့အသင့်ဖြစ်ကြပြီ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည် များသည် ဇူလိုင်လ ၄ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်သို့ ရောက်ရှိလာကြရာ တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အောင်သပြေခက်များဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁) သင်တန်းသားတွေကတော့ အခြေခံစစ်ပညာတွေကိုသင်ကြားပြီး နိုင်ငံနှင့်အမျိုးဘာသာ ရပ်ရွာအကျိုးအတွက် ကာကွယ်ရေးတာဝန်တွေထမ်းဆောင်ကြဖို့ အသင့်ဖြစ်နေကြပြီပဲဖြစ်ပါတယ်။

Posted in Uncategorized