ဇူလိုင်လ ၃၁ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပန်ကန်းဘုန်းကြီး ကျောင်းအနီး၌ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် တပ်လှုပ်ရှားမှုအား ကင်းထောက်လာသော အကြမ်းဖက် ၁ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် အမ်(၂၂) ၁ လက်၊ အမ်အေ(၅) ၁ လက်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၂၃၀ တောင့်နှင့် အတူ အသေဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ထိုဖြစ်စဉ်တွင် ရန်သူအား ရဲဝံ့စွာ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည့် စစ်သည်သည် ပြည်သူ့ စစ်မှုထမ်း အမှတ်စဉ် (၁)မှာ ကိုယ်တိုင်ဆန္ဒပြုပြီး ဝင်ရောက်ခဲ့သည့် ခမရ(-)မှ တပ်သား အောင်ဇော်လင်းဖြစ်ပါတယ်။
တပ်သားအောင်ဇော်လင်းသည် သင်တန်းကျောင်းသို့ရောက်ရှိသတင်းပိုပြီးချိန်မှစ၍ သင်တန်း တက်ရောက်နေစဉ်ကာလများတွင် သင်ခန်းစာများအား စိတ်ပါဝင်စားစွာဖြင့် စနစ်တကျလေ့ကျင့်သင်ယူခဲ့တယ်။
သင်တန်းတက်ရောက်နေစဉ်ကာလများတွင်လည်း သင်တန်းသားများကို စနစ်ကျနစွာ ဦးဆောင်နိုင်ခဲ့သောသင်တန်းသားတပ်ခွဲမှူးတစ်ဦးဖြစ်ခဲ့သည့်အပြင် သင်တန်းပြီးဆုံးချိန်တွင်လည်း အကောင်းဆုံး ကျောင်းသားဆု ဒုတိယဆုကို ရရှိခဲ့သူဖြစ်တယ်။
သင်တန်းပြီးဆုံးပြီးနောက် တပ်သို့ရောက်ရှိတာဝန်ထမ်းဆောင်ချိန်မှာလည်း တိုက်တွန်းချက် မပါဘဲ ကိုယ့်သဘောစိတ်ဆန္ဒနဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် ဝင်ရောက်လာသူဖြစ်သောကြောင့် စစ်သားကောင်း တစ်ယောက်ပီပီ ပင်ပန်းဆင်ရဲမှုဒဏ်ကိုမမှုဘဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
တာဝန်ထမ်းဆောင်ချိန် မှာလည်း ပေးအပ်တဲ့အမိန့်ကို တိကျစွာလိုက်နာပြီး ရန်သူနှင့်ရင်ဆိုင်တွေ့ရချိန်တွင် ကိုက် ၁၀၀ အတွင်းမှာ နောက်မတွန့်သောသူရဲကောင်းတို့ စိတ်ဓါတ်နဲ့ ရဲဝင့်စွာ ပစ်ခတ်နိုင်ခဲ့သောကြောင့် KNDF ရန်သူအလောင်း ၁ လောင်း နှင့် သေနတ် ၂ လက်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
တပ်သား အောင်ဇော်လင်းဟာ ပြည်သူ့စစ်မှုထမ်းတစ်ဦးဖြစ်လို စစ်သက်အတွေ့ အကြုံ နုနယ်သော်လည်း ရန်သူကို တိုက်လိုခိုက်လိုစိတ်ဖြင့် ရဲရဲဝံ့ဝံ့ဖြင့် စိတ်တည်ငြိမ်စွာ တပ်စိတ်မှူးဖြစ်သူ ဆရာကြီးအမိန့်ပေးထားသည့်အတိုင်း လိုက်ပါလုပ်ဆောင်ခဲ့သဖြင့် သူကိုယ်တိုင် ရန်သူအလောင်း လက်နက်ရအောင် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တာကို အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။
တပ်သား အောင်ဇော်လင်း၏ လုပ်ရပ်သည် လေ့ကျင့်သားပြည့်ဝပြီး ရဲရင့်တဲ့ စစ်သားကောင်းတစ်ဦး လုပ်ရပ်ဖြစ်သလို တပ်မတော်မှာ ရဲဝံ့စွာဆောင်ရွက်ခဲ့ကြ သည့် ရဲရင့်ပြောင်မြောက်တဲ့ စစ်သည်တော်တွေရဲ့ လုပ်ဆောင်ချက်တွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
မောင်နန်းဝေ(မနောမြေ)