အောက်တိုဘာ ၁၂ ရက် (ယနေ့) ညနေပိုင်းက ကော့သောင်းမြို့နယ်၊ နန်တွန်ဒေသ၊ အေးမြသာယာရွာအနီးတွင် အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သတင်းပေးမှုအရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် ၁၀ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူမြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက်(အမဲရောင်ဝတ်) အလောင်း ၂ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်ကျော်
သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။