မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက် အကြပ်ကိုင်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအနီး လုံခြုံရေးအဖွဲ့များ တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်များနှင့် ထိတွေ့မှုဖြစ်ပြီး-
လက်လုပ်သေနတ်အရှည် ၂ လက်၊
လက်လုပ်ပစ္စတို ၁ လက်၊
၁၂ ဗို့ကျည် ၆၀ တောင့်၊
လက်လုပ်မိုင်း ၂ လုံး၊
ပြောက်ကျားဉီးထုပ် ၁ လုံး၊
ပြောက်ကျားအင်္ကျီ ၁ ထည်၊
ဆိုလာ ၁ ချပ်၊
အိုင်ကွန် အားသွင်းခုံ ၁ ခု၊
ဖုန်း ၁ လုံး၊
၅.၅၆ ကျည် ၃ တောင့်၊
၉ မမကျည် ၂ တောင့်၊
Receiver ၂ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။