ဖားဆောင်းတိုက်ပွဲအခြေအနေ

ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ဖားဆောင်းမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား KNPP/KNDF သကသ အဖွဲ့များက Drone ဖြင့် Drop Bomb ၆ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး မိမိဘက်က Drone လွှတ်တင်သည့်နေရာများအား လက်နက် ကြီးများဖြင့် တန်ပြန်ပစ်ခဲ့ရကြောင်းသိရှိရ။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ။

အလားတူ နေ့လည်ပိုင်းအချိန်ကလည်း ဖားဆောင်းမြို့နယ်ရှိ တပ်ရင်းဌာနချုပ်နေရာတစ်ခုအား KNPP/KNDF သကသအဖွဲ့များက Drone ဖြင့် Drop Bomb ၃ လုံးချ၍ ၁ ကြိမ်၊ အဝေးမှ လက်နက်ကြီးများဖြင့် ၁ ကြိမ် အဝေးမှပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရ။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိကြောင်း သိရှိရ။

KNPP/KNDF သကသအဖွဲ့များသည် ဖားဆောင်းမြို့အတွင်း ခြေချနိုင်ခြင်းမရှိဘဲ ယခုလို အဝေးမှ လက်နက်ကြီး၊ Drone များဖြင့် နှောင့်ယှက်ပစ်ခတ်နေပြီး စစ်ကြောင်းများကလည်း ပစ်ခတ်ရာနေရာများအား နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရှိရပါတယ်။

Posted in Uncategorized