အောက်တိုဘာလ ၁၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်က ဘုတလင်မြို့နယ်၊ ဆယ်ဝရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက်များရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုအရ နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် pdf များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် pdf ၁ လောင်း
(၂) ပစ္စတို ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့် တို့အား သိမ်းဆည်းရရှိခဲ့။
လုံခြုံရေးအဖွဲ့များသည် နယ်မြေဆက်လက်ရှင်းလင်းရာ အိုင်ပေါင်းချောင်ရွာရှိ စပါးကျီအတွင်းမှ သိုဝှက်ထားတဲ့ –
(၁) လက်လုပ်သေနတ်အရှည် -၃၀ လက်
(၂) လက်လုပ်သေနတ်အတို- ၁ လက်
(၃) လက်လုပ်စိန်ပြောင်း -၅ လက်
(၄) သေနတ်ပြောင်း -၁၆ ခု
(၅) ဒလက် ၄ ခုပါ ဗုံးသီး -၂ လုံး
(၆) ယမ်းကြိုး- ၁ ခွေ
(၇) ကျည်မျိုးစုံ -၆၈ တောင့်
(၈) ဝါယာကြိုး -၁ ခွေ
(၉) သံပိုက်လုံး -၆ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရပါတယ်။
ဘုတလင်မြို့နယ်ထဲတွင် အကြမ်းဖက်လှုပ်ရှားနေသော PDF များအနေဖြင့် စစ်ကြောင်းများအား အလစ်အငိုက် တိုက်ခိုက်ပြီး အောင်ပွဲခံလေ့ရှိသော်လည်း မြေပြင်တွင် စစ်ကြောင်းများ ဝင်ရောက်ရှင်းလင်းသည့်အခါ ထိပ်တိုက် တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးလျက်ရှိပါတယ်။
ထိုသို့ ထွက်ပြေးရာတွင် လက်နက်များသိမ်းဝှက်ထားပြီး ရွာသားအယောင်ဆောင်၍ ထွက်ပြေးကြကာ ၎င်းတို့သေဆုံးလျှင် “ ပြည်သူ .. ပြည်သူ” ဆိုပြီး ပြည်ဖျက်မီဒီယာများမှတစ်ဆင့် ဇာတ်လမ်းဆင် ဖော်ပြလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
တိုက်ပွဲသတင်းစုံ