မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

ဘယ်သူနဲ့မှ မသိဘဲ
ဒီအိမ်ထဲ ရောက်လာခဲ့ကြတယ်။
ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ
တစ်ယောက်ပြီးတစ်ယောက် ထွက်
သွားကြရတယ်။

မိသားစုဝင်တွေဟာ
ဒီအိမ်ကိုတိုင်ပင်ပြီးရောက်လာကြ
တာလား?
ကိုယ့်ဟာကိုယ်ရောက်လာကြတာလား?

ပြန်ထွက်သွားတော့လည်း
မင်းကအရင်သွားနှင့်,
ငါကနောက်မှလိုက်မယ်လို့
တိုင်ပင်ပြီးထွက်သွားကြတာလား?

အိုနေတာကို ဝိုင်းပြီးတော့အိုပေးကြ
လို့ ရရဲ့လား?
မရပါဘူး၊

ရောဂါဖြစ်နေတယ်
နည်နည်းစီမျှခံရအောင်ဆိုပြီး
မျှခံလို့ရမလား?
အားကိုးလို့မရဘူးဆိုတာ
မထင်ရှားပေဘူးလား?
ထင်ရှားတယ်…။

အားကိုးလို့ရတာ ကိုယ့်ကိုယ်ကိုပဲ၊
ကိုယ်ကျင့်သုံးတဲ့ ဓမ္မကို
အားကိုးခိုင်းတာ၊

အဲဒါကြောင့်
ကိုယ်နဲ့အတူသွားတာဆိုရင်
‘ဓမ္မ’ သာဖြစ်တယ်…။

ပါမောက္ခချုပ်ဆရာ‌တော်ဘုရားကြီး #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted in Uncategorized