🌷အစွဲတွေဖြုတ်နိုင်ကြပါစေ🌷
ငါလည်းမမြဲဘူးဆိုတဲ့အတွေးကို
ခပ်စိပ်စိပ် ခပ်နာနာလေးတွေးရင်
ထောင်လွှားခြင်းတွေကင်းနိုင်သလို
အထင်သေးခြင်းလည်းမရှိနိုင်ပါဘူး ။
မြဲတယ်ထင်လို့ အပိုအလုပ်တွေမှာ
အချိန်ကုန်ပြီး ရှုပ်နေကြတာပါ ။
သင်္ခါရသဘောအတိုင်းကြည့်ရင်
လူတိုင်းဟာ သနားစရာချည်းပဲဆိုတာ
နားလည်းထားဖို့ ကောင်းပါတယ် ။
ဘာဖြစ်လို့လဲဆိုရင်
ရှင်သန်နေကြတဲ့လူသားတွေမှာ
အသက်အာမခံချက်လည်းမရှိဘူး
ကောင်းနေမယ်လို့ တွက်လို့မရဘူး ။
မမြဲခြင်းကနှိပ်စက်ပြီးတော့
အစိုးမရခြင်းက ကြိုးကိုင်ထားလို့
အချိန်မရွေး ပျက်စီးသွားနိုင်ပါတယ်
ဒါဟာဘယ်သူမှငြင်းမရတဲ့အမှန်တရားပါ ။
ဒါကြောင့်
မုန်းတာနဲ့လည်း အချိန်မရှူံးစေနဲ့
တိုက်ခိုက်တာနဲ့လည်း အချိန်မဖြုန်းပါနဲ့ ။
ငါလည်းမမြဲဘူးဆိုတဲ့အတွေးနဲ့
အစွဲဖြုတ်နိုင်အောင်သာ ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏