မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷စိတ်ကောင်း ရှိထားမယ်ဆိုရင်🌷

ဘာယူရမလဲဆိုတာထက်
ဘာပေးရမလဲစိတ်နဲ့နေထိုင်ပါ ။

လေးတယ်ဆိုတာ
ကိုယ်ကယူလိုက်တာကြောင့်ပါ ။

မယူရင်လေးစရာလည်းမလိုသလို
ပေးစရာလည်းမရှိနိုင်ပါဘူး ။

ပေးတတ်တဲ့အလေ့ရှိတဲ့သူဟာ
ချစ်ခင်တဲ့သူတွေ ပေါများနိုင်ပါတယ် ။

တစ်စုံတစ်ယောက်က
ကိုယ်ကိုမေတ္တာရှိပြီး ခင်တယ်ဆိုတာ
ကိုယ့်မှာစိတ်ကောင်းလေးရှိနေလို့ပါ ။

ကိုယ့်မှာ စိတ်ဓာတ်သာညံ့မယ်ဆိုရင်
ခေါ်ယူဆက်ဆံဖို့ နေနေသာသာ
စကားတောင် အတူမပြောချင်ပါဘူး ။

အထူးသဖြင့်အကျင့်မကောင်းဘူးဆိုတာ
သိသွားရင် အားလုံးဟာ
ကြဉ်ဖယ်သွားကြတာသဘာ၀ပါ ။

ဒါကြောင့် ဘ၀မှာ
ကောင်းကျိုးတွေများများရချင်ရင်
ကုသိုလ်များများပြုကြဖို့လိုသလို

မိတ်ဆွေကောင်းများလိုချင်ရင်လည်း
ကိုယ်ကစိတ်ထားကောင်းဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

Posted in Uncategorized