🌷နှုတ်၀စီကံ မသရမ်းပါစေနဲ့🌷
ပါးစပ်ဟာ ပြဿနာတွင်းကြီးဖြစ်လို့
နှုတ်လည်းမကြမ်းနဲ့
နှုတ်လည်း မသရမ်းကြပါနဲ့ ။
လူမုန်းများတယ်ဆိုတာ
များသောအားဖြင့်ကတော့
မိမိကစကားပြောနှုတ်ကြမ်းလို့ပါပဲ ။
မဆိုင်တဲ့ပြဿနာတွေ
ကိုယ့်ဆီကို ရောက်လာတာဟာလည်း
ကိုယ့်ရဲ့နှုတ်ကိုမစောင့်စည်းလို့ပါပဲ ။
အပိုစကားတွေလည်းမပြောပါနဲ့
စကားအပိုပြောရင်
တရားအလုပ်မှာ တန်ဖိုးကျပါတယ် ။
တရားတော်မှာလည်း
နှုတ်ကြမ်းတမ်းခဲ့တဲ့အတွက်ကြောင့်
ခြိုးခြံတဲ့အကျင့်သီလ ရှိတာတောင်မှ
နှုတ်ကိုမစောင့်စည်းခဲ့လို့
ခန္ဓာကအဆင်းလှပပေမယ့်လည်း
ပါးစပ် ခံတွင်းက ပုတ်ရတဲ့
ပြိတ္တာဘ၀ရောက်ရတယ်လို့ဆိုပါတယ် ။
ဒါကြောင့် စကားအပြောဟာ
ဆင်ခြင်သတိထားစရာကောင်းလို့
၀စီကံနှင့်ပတ်သက်တဲ့
မဟုတ်မမှန်မုသားစကားပြောတာတွေ
ကုန်းတိုက်စကားပြောတာတွေ
ကြမ်းတမ်းတဲ့စကားပြောတာတွေ
အကျိုးမဲ့တဲ့ စကားပြောတာတွေကို
အတတ်နိုင်ဆုံး ရှောင်ကြဖို့လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏