⭐ကိုယ့်ဘက်ကလည်း ရိုးသားပါ⭐
သူတစ်ပါးရဲ့
ယုံကြည်မှုကိုရချင်ရင်
ကိုယ့်ဘက်ကလည်း
ရိုးသားဖို့လိုပါတယ်။
သူတစ်ပါးရဲ့လေးစားမှုကို
ကိုယ်က ရချင်ရင်
ကိုယ့်ဘက်ကလည်း
ပေးဆပ်တတ်ဖို့လိုပါတယ်။
သူတစ်ပါးရဲ့ကြည်ညိုမှုကို
ကိုယ်က ရချင်ရင်
ကိုယ့်ဘက်ကလည်း
ဖြောင့်မတ်မှန်ကန်နေဖို့လိုပါတယ်။
အပြောတွေကောင်းနေဖို့ထက်
အကောင်းတွေပြောနေဖို့လိုပါတယ်။
အကောင်းတွေချည်း ပြောတတ်ဖို့ထက်
လုပ်ရပ်တွေမှန်ကန်ပြီး မျှတနေဖို့လိုပါတယ်။
ဟန်ဆောင်တယ်ဆိုတာ ခဏလေးပါ။
ရိုးသားမှုမှ မရှိရင်
လိပ်ပြာသန့်မှာ မဟုတ်သလို
သိက္ခာလည်း မတောက်ပနိုင်ပါဘူး။
အဓိက က
ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ဖို့နဲ့
ဖြောင့်မတ်မှန်ကန်စွာ
ရပ်တည်လုပ်ဆောင်ဖို့ပါပဲ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)