မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

စေတနာကောင်းပါရင်
အရာရာ အောင်မြင်ပါတယ် ။

မေတ္တာသာပါရင်
အမြဲတမ်း နွေးထွေးရပါတယ် ။

ကိုယ့်အလုပ်မှာအောင်မြင်မှုထက်
စေတနာကောင်းလေး
ထည့်ပြီးတော့ ဆောင်ရွက်ပါ ။

ကိုယ့်ဆက်ဆံမှုမှာ
အရေးပေးဂရုစိုက်ခံရဖို့ဆိုတာထက်

ကြင်နာနွေးထွေးမှု
မေတ္တာပေးနိုင်အောင်ကြိုးစားပါ ။

ကိုယ့်အလုပ်ကမှန်တယ်ဆိုရင်
ကိုယ့်ရဲ့နောက်ကို ကောင်းကျိုးက
အမြဲတမ်းလိုလို လိုက်နေမှာပါ ။

ကိုယ့်စိတ်ထားညံ့ရင်တော့
ကောင်းအကျိုး မရတဲ့အပြင်
ဒုက္ခပါရောက်သွားတတ်ပါတယ် ။

ဆန္ဒတွေပြည့်၀ချင်တယ်ဆိုရင်
ဆုတောင်နေရုံးနဲ့ မပြည့်၀နိုင်ပါဘူး ။

ကံ ဥာဏ် ဝီရိယကိုလည်း
အချိုးကျကျ ဆက်ပေးဖို့လိုပါတယ်။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

Posted in Uncategorized