မတ္တရာ၊ ထိန်ပင်စောက် သတင်းအဆက်

နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင် ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် ရန်သူ့ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရန်သူမြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ – အကြမ်းဖက် TNLA အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ လက်လုပ် Fixwing ၁ စီး၊ သစ်လုံးဘန်ကာ ၁ ခု၊ ပစ်ကျင်း ၄၁ ကျင်းတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

နိုဝင်ဘာ ၃ ရက် (ယနေ့)နေ့လည်ပိုင်း၌ အဆိုပါနေရာတွင် ဖြန့်ခွဲနေရာယူထားတဲ့ စစ်ကြောင်းအား အကြမ်းဖက် ၂၀ ခန့်က လက်နက်ကြီး/ငယ်များပစ်ခတ်ပြီး ချဉ်းကပ်လာစဉ် စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်သဖြင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ရန်သူအနောက်ဘက်သို့ ထွက်ပြေးသွားခဲ့။ ဆုတ်ခွာထွက်ပြေး ရန်သူ့ နောက်သို့ လိုက်လံရှင်းလင်းစဉ် ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) MA-3 သေနတ် ၁ လက်
(၃) ၄၀ မမ ဗုံးသီး ၁၀ လုံး
(၄) ကျည်အိမ် ၃ ခု၊ ကျည် ၁၁၅ တောင့်
(၅) အီကွေ့မန့် ၂ စုံ
(၆) ကျောပိုးအိတ် ၈ လုံး
(၇) PDF ပြောက်ကျားယူနီဖောင်း ၃ စုံ
(၈) စစ်ရေဗူး ၂ လုံး တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

Posted in Uncategorized