မတ်လ ၉ ရက်နေ့ တိုက်ပွဲသတင်းများ

၉-၃-၂၀၂၄ ။

💥💥💥💥💥

ကချင်ပြည်နယ်

ပါဂျို၊ နားဖော့၊ နန်ဆန်ယန်၊ ခရာဘွမ်၊ ဒေါ့ဖုန်းယန်၊ မံစီ တို့ရှိ တပ်မတော်စခန်းများ၊ ပြည်သူ့စစ်စခန်းများသို့ KIA သောင်းကျန်းသူအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး/ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ ယူ၍ ပြန်လည်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများပြင်းထန်လျက်ရှိ။

#ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီး KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာနှင့် လိုင်စင်ပို့စ် နေရာများရှိ KIA တပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိ။

ကယားပြည်နယ်

ဖားဆောင်းနယ်မြေခံတပ်ဌာနချုပ်၊ သံလွင်တံတား(အနောက်ခြမ်း)ပူးပေါင်းဂိတ်၊ နမ့်ဟူးစခန်းတို့အား KNPP/KNDF/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ) က လက်နက်ကြီးများ၊ Drop Bomb များဖြင့် အဝေးမှလာရောက်ပစ်ခတ်သဖြင့် မိမိဘက်က ပြန်လည်ပစ်ခတ်ခဲ့ရ။

(ရန်သူထိခိုက်မှု မသိရသေး၊ မိမိထိခိုက်မှုမရှိ)

ကရင်ပြည်နယ်

သင်္ကန်းညီနောင်ရှိ နယ်မြေခံတပ်ဌာနချုပ်နေရာများနှင့် စခန်းနေရာများအား KKO(ခွဲထွက်)အဖွဲ့၊ PDF ပူးပေါင်းအဖွဲ့၊ KNLA တပ်မဟာ(၆) ရင်း ၂၈ မှ ပူးပေါင်းအင်အား ၂၀၀ ကျော်ခန့်က ၄ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်သဖြင့် မိမိဘက်က လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရ။

ချင်းပြည်နယ်

ချင်းပြည်နယ်၊ မတူပီမြို့ရှိ တပ်စခန်းနေရာအား PDF အမည်ခံ အကြမ်းဖက်သူ ၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူမှာ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။
( PDF အလောင်း ၁ လောင်း၊ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး မိမိထိခိုက်မှုမရှိ )

Posted in Uncategorized