မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ် ကျေးရွာရှိ ဦးအားချာ ၏ နွားမွေးမြူရေးခြံကို သတင်းအရရှာဖွေရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီး တို့ ၂ ဦး အား ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။
Related Posts
ယင်းမာပင်မြို့ (ခ)ရပ်ကွက်တွင် PDF များ၏ Drone တစ်စီးအား သိမ်းဆည်းရရှိ
- admin
- July 8, 2023
ဇူလိူင်လ ၇ ၇ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ယင်းမာပင်မြို့ (ခ)ရပ်ကွက်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များမှ လက်လုပ် […]
လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေး
- ရှင်ယွန်း
- February 11, 2023
ဖေဖေါ်ဝါရီ ၁၀ရက်က လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့မှုခင်းဖြစ်စဉ်တစ်ခုအင်းစိန်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလင်မယားဟာကွဲကွာနေကြသူတွေဖြစ်ပြီးခင်ပွန်းဖြစ်သူကဇနီးသည်နေအိမ်သို့ပြန်လာရာမှနှစ်ဦးသားစကားအချေအတင်များကာခိုက်ရန်ဖြစ်ပွားရာကနေအခုလိုထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “အမျိုးသမီးဖြစ်သူကဦးခေါင်းမှာနှစ်ချက်ထိတယ်၊တူနဲ့ထုတာဆိုတော့ခန္ဓာကိုယ်အနှံ့အပြားမှာဖူးယောင်ဒဏ်ရာတွေရတယ်၊ခေါင်းကွဲတယ်၊လူနာကတော့စိုးရိမ်ရတဲ့အနေအထားမရှိပါဘူး။လက်ရှိတော့အင်းစိန်ဆေးရုံမှာပဲတင်ထားတာပေါ့။သူတို့ကလင်မယားချင်းကကွဲနေရင်းရဲ့ယောကျာ်းဖြစ်သူကအိမ်ကိုပြန်လာပြီးပြဿနာလာရှာတယ်ပြောတယ်။ယောကျ်ားဖြစ်သူကအရက်သေစာသောက်စားပြီးပြဿနာလာရှာတာလို့လည်းလူနာနေအိမ်အနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေကပြောပါတယ်။အဲ့လိုရန်ဖြစ်ရိုက်နှက်ပြီးသွေးထွက်သံယိုဖြစ်တော့ပတ်ဝန်းကျင်ကမနေနိုင်လို့လာကြတဲ့အခါအမျိုးသားဖြစ်သူကထွက်ပြေးသွားတယ်ပြောပါတယ်။ပတ်ဝန်းကျင်ကလူတွေပဲထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသမီးကိုဆေးရုံပို့ဆောင်ပေးဖို့ ကျွန်တော်တို့ကိုဖုန်းလှမ်းဆက်ခေါ်တာနဲ့လူနာကိုသွားရောက်ခေါ်ဆောင်ပြီးအင်းစိန်ဆေးရုံကိုပို့ပေးခဲ့တာဖြစ်ပါတယ်”လို့ နယ်မြေခံလူမှုကူညီရေး ပရဟိတသမားတစ်ဦးက ပြောပါတယ်။
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်
- အေးခင်
- March 27, 2024
မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှစ၍ MWD HD […]