ဇွန်လ ၃ ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းမြို့၊ ပျော်ဘွယ်ရပ်ကွက်၌ KIA နှင့် အကြမ်းဖက်သူ ပူးပေါင်းအင်အား ၃ ဦးခန့် စိတ်ကြွဆေးပြားများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှိလင်းစဉ် အိမ်အတွင်းမှ ရန်သူအင်အား ၃ ဦးခန့်က လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။
-ပစ္စတိုကျည် ၁၄ တောင့်
-စိတ်ကြွဆေးပြား ၄၂,၀၀၀ ပြား( ကာလတန်ဖိုး ကျပ် သိန်း ၈၄၀ ခန့်) သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့။