မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများကို နှုတ်ပိတ်သွားစေတဲ့ AA ရဲ့ တိုက်ပွဲ (၁)နှစ်ပြည့်ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းက သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများက “အမ်းဒေသက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်တွေကို AA သိမ်းပိုက်လိုက်ပြီ၊ အမ်းမှာ တပ်ရင်း (၁၀)ရင်းကို AA သိမ်းပိုက်လိုက်ပြီ စစ်သားတွေ မကွေးကိုဆုတ်ပြေးနေပြီ မယုံရင် AA ဒီညတင်လာမယ့်ထုတ်ပြန်ချက်ကိုကြည့်၊ နပခ တပ်တွေအကုန်ကျပြီ တိုင်းရုံးပဲကျန်တော့တယ် အားလုံးပိတ်မိသွားပြီ” ဆိုပြီး တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေနဲ့ တပ်ထောက်ခံသူတွေ စိတ်ဓာတ်ကျဆင်းအောင်၊ တိုက်နေသူတွေ ထွက်ပြေးအောင် အင်တာနက် စာမျက်နှာများမှာ တင်ခဲ့ကြတာ အားလုံးပဲ သိကြမှာပါ။

ဒီမနက်အစောပိုင်း AA ဘက်ကထုတ်ပြန်လာတဲ့ တိုက်ပွဲ(၁)နှစ်ပြည့် ထုတ်ပြန်ချက်မှာတော့ အမ်းက တပ်ရင်း(၈)ရင်းကို သူတို့ရထားကြောင်း (အမ်းတွင်မရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထည့်ပြထား) တင်လာတယ်၊ ဒီထုတ်ပြန်ချက်ထုတ်လာတဲ့ အချိန်မှာ AA ထုတ်ပြန်ချက် ထုတ်မလား ရက်ပေါင်း (၂၀)နီးပါး မျှော်စောင့်စားနေတဲ့ သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးတွေက အဖေထက်သားတစ်လကြီးသလိုလိုနဲ့ ထုတ်ပြန်ချက်ထဲမှာ မပါတဲ့ တပ်တွေကိုပင် ကျသွားပြီဆိုပြီး အရှက်ပြေရေးနေတာတွေလည်းတွေ့ရတယ်။ ဘာလို့အရှက်ပြေရေးနေတာလည်း ဆိုတော့ သူတို့လျှောက်ရေးထားတာတွေဆိုတာကို စာဖတ်တဲ့သူတွေသိသွားမှာဆိုးလို့။

AA ဘက်ကထုတ်ပြန်လာတဲ့ပုံတွေမှာ တပ်ဆေးရုံနဲ့ ၃၇၃ တပ် မှာသာ စနစ်တကျ ရိုက်ထားပြီး ကျန်တပ်တွေမှာ ဘာလို့စနစ်တကျမရိုက်ထားတာလဲ ဆိုတာကို မြင်ကြမှာပါ။ သူတို့ဘာလို့ရိုက်ပြေးအဆင့်လောက်ပဲ ရိုက်နိုင်တာလည်းဆိုတော့ လက်ရှိအချိန်မှာ တပ်က စစ်ကူရောက်နေတဲ့ စစ်ကြောင်းတွေက အဲ့ဒီတပ်တွေကို ပြန်လည်ထိုးစစ်ဆင်နေပြီး သူတို့ဘက်မှာ စစ်ရေးရှုံးနိမ့်မှုတွေ ပြန်ဖြစ်လာလို့။

မြို့တစ်မြို့ကို အလုံးစုံရမှ ပြည့်ပြည့်စုံစုံတင်တဲ့ AA ပြန်ကြားရေးအနေနဲ့ သူတို့ တိုက်ပွဲတစ်နှစ်ပြည့်မှာ ဘာလို့ အမ်းအကြောင်းထည့်တင်တာလည်းဆိုတော့ ဒုတိယအကြိမ်အပစ်ရပ်မှုအပြီးမှာ AA ခေါင်းဆောင်တွေက တိုက်ပွဲမလိုလားတော့လို့ တိုက်ပွဲမဖြစ်ခိုင်းတော့တဲ့ ရခိုင်ဒေသခံတွေကို ကတိပေးထားတာရှိတယ်။ ဘာလဲဆိုတော့ “သူတို့နောက်ဆုံးတိုက်မယ့် တိုက်ပွဲတစ်နှစ်တာအတွင်း အမ်းတိုင်းရုံးအပါအဝင် ကျန်တဲ့မြို့တွေအကုန်သိမ်းမယ်၊ မြေကျန်ရင်ရပြီ ကျန်တာအားလုံး ၂၀၂၅ မှာ သူတို့ပြန်လုပ်ပေးမယ်၊ ဒီတစ်ခါနောက်ဆုံးအဖြစ်နဲ့ ဒုက္ခခံပေးကြ၊ တစ်နှစ်ပဲဒုက္ခခံပေးကြ။ ၂၀၂၅ မှာ တစ်ပြည်ထောင်စနစ်နဲ့သွားပြီး ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ပေးမယ်” ဆိုတဲ့အကြောင်းအရာ။ 

တစ်နှစ်တာကာလပြီးဆုံးတဲ့အချိန်မှာ သူတို့ပေးထားတဲ့ကတိ မတည်တော့လို့ သူတို့ထောက်ခံသူတွေ ထပ်မလျော့ကျသွားအောင် “အမ်းကိုတိုက်နေတယ်၊ မောင်တောကိုတိုက်နေတယ်၊ ရတော့မယ့်၊ ဆက်ပြီးတောင့်ခံထားဦး”ဆိုတဲ့ သဘောမျိုးဖြစ်အောင် ထုတ်ပြန်ချက်ထဲမှာ ထည့်ရေးသွားတာ။

လက်ရှိ AA အဖွဲ့ တတိယအကြိမ် တစ်နှစ်တာတိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်ဘေးရှောင် ၉၈ ရာခိုင်နှုန်းရှိလာပြီ၊ လာမယ့်နှစ်မှာ ရခိုင်ဒေသခံ ၂ သန်းကျော်အငတ်ဘေးဆိုက်ဖို့ရှိနေတယ်၊ လက်ရှိမှာလည်း တော်တော်များများ ဆေးဝါးနဲ့ ရိက္ခာတွေပြတ်နေတယ်၊ ၎င်းတို့ ဖော်ဆောင်တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၁၆၀၀ ကျော် သေဆုံးခဲ့တယ်၊ ရခိုင်လူမျိုးတွေက စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို သိသွားကြပြီမို့ ဒေသခံတွေ တိုက်ပွဲတွေကိုမလိုလားတော့ဘူး၊ AA ထောက်ခံမှုအားလည်း လျော့ကျသွားပြီ၊ လေလိုင်းပေါ်မှာထောက်ခံနေတဲ့သူအများစုက ပြည်ပရောက်ရခိုင်တွေ၊ ရခိုင်လူငယ်တွေလည်း ပြည်တွင်းနဲ့/ ပြည်ပကို တိမ်းရှောင်သွားကြပြီ။

စစ်အင်အား သောင်းကျော်ပြထားတဲ့ AA အနေနဲ့ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ချင်းနဲ့ရခိုင်တွေမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့သောကြောင့် တစ်နှစ်တာအတွင်း အင်အား ရာဂဏန်းတောင်မရှိတော့တဲ့အတွက် ရခိုင်လူငယ်တွေကို စုဆောင်းမရတဲ့အဆုံး ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းပေးတာ ULA/AA အဖွဲ့တွေထဲမှာ ရာထူးကြီးကြီးပေးပြီး အုပ်ချုပ်ခိုင်းတာတွေကို လုပ်ဆောင်လာတယ်၊ ချင်း/ဗမာ PDF တွေကို မဟာမိတ်လုပ်ကာ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွဘက်မှာ တိုက်ကူခိုင်းနေရတဲ့အထိပဲ။

AA အနေနဲ့ လူကုန်သလောက်ဖြစ်နေပြီး ထပ်စုစရာလူလည်းမရှိတော့ဘူး၊ တစ်ဖက်မှာလည်း ထောက်ပံ့မှုတွေရပ်ဆိုင်းခံရတာ၊ ရိက္ခာ/ဆေးဝါး ပြတ်လာတာတွေနဲ့ ထွက်ပြေးတာတွေများလာတာကြောင့် ၂၀၂၅ မှာသာ သူတို့ပြောတဲ့ အတိုင်းသာမဖြစ်လာခဲ့ရင် “ရက္ခိတတို့အိမ်မက် အမ်းမှာပျက်”ဆိုတဲ့ ရှေးရခိုင်တဘောင်အတိုင်း ဆက်လက်တည်ရှိသွားပါလိမ့်မယ်……. 

#MinChitOo

Posted in Uncategorized