ဖိလစ်ပိုင် ပင်လယ်ပြင်က မုန်တိုင်း စအိုလာ ကြောင့် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မနက်ဖန် နံနက်ပိုင်းအထိ မိုးကြီးနိုင်တယ်လို့ မိုး/ဇလက ပြောပါတယ်။
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “စအိုလာ”(Saola)သည် တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားပြီး မနက်ဖြန်နံနက်အထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်တယ်လို့ ပြောပါတယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့်လည်းစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေအုံးမယ်လို့ သတိပေးပြောကြား ထားပါတယ်။