တအာင်းပလောင်တွေ အခြေချတဲ့နေရာတွေ အများစုက နမ့်ဆန်ဒေသနဲ့ မန်တုံတဝိုက်။ နမ္မတူရဲ့ အနောက်ခြမ်းဘက်က ရွာတချို့ရယ်။ လားရှိုးနား နည်းနည်းကပ်ကြည့်ရင် မန်စံ ဘက်အခြမ်း။ ဒီလောက်ပဲ။
အများစုမှီခိုအားထားရတဲ့ လုပ်ငန်းဆိုလို့ လက်ဖက်ပဲ ပြစရာရှိတယ်။ ဒါတောင် ဒီဘက်ခေတ်လူငယ်တွေက ဘယ်သူမှ ပေါက်ပြားကိုင်ပြီး လက်ဖက်ပင်အတွက် ပေါင်းရှင်း၊ မြက်ရှင်း မလုပ်ကြတော့ဘူး။ အိမ်တအိမ်မှာ လက်ဖက်ခြံလည်း မိန်းမပဲ လုပ်ရတယ်။ လက်ဖက်ခူးလည်း မိန်းမသားတွေပဲ ဦးဆောင်ကြတာက တအာင်းပလောင်တွေရဲ့ ထုံးစံတောင် ဖြစ်နေပြီ။ တချို့မြို့ပေါ်က စာသင်တိုက်တွေမှာလည်း TNLA မှာ စစ်မှု မထမ်းချင်လို့ ကိုရင်ဝတ်နဲ့ ပို့ထားတာလည်း အများကြီး။
ပြောချင်တာက လူ ၁၀ ယောက်မှာ ၅ ယောက်လောက် အနိမ့်ဆုံး ဘိန်းရှူနေတဲ့ ဒီဒေသကို TNLA က ဘိန်းခင်းတွေ ဖျက်စီးပြတယ်ဆိုတဲ့ သတင်းက ဖောရှောသတင်းထက် မပိုဘူးဆိုတာ ပြောပြချင်ရုံပါ။ သေချာတာကတော့ လက်ဖက်အစိုပဲ ရောင်းရောင်း၊ အခြောက်ပဲ ထုတ်ထုတ် ဘာကုန်ပစ္စည်းမှ လောက်လောက်လားလားမထွက်တဲ့ ဒီဒေသကနေတဆင့် အထက်မြောက်ဘက်က ရှမ်းရွာတွေကို အနိုင်ကျင့်ပြီး ပြည်နယ်အဆင့် တိုးမြှင့်ရချင်တာ ဆန်းတော့မဆန်းပါဘူး။ ဒါ့ကြောင့်လည်း ပြည်ထောင်စု လမ်းမဖြစ်တဲ့ ကွတ်ခိုင် ၊ သိန္ဒီဒေသ၊ မူဆယ်လမ်းပိုင်းတွေကို မျက်စိကြနေတော့ပေါ့။ ဒါမှ ပြည်ထောင်စု စီမံကိန်းမှာ ဘာသောက်လုပ်မှ လုပ်စရာ မလိုပဲ ဝေပုံကျ ခွဲတမ်းရမယ်လေ။
တချိန်တုန်းက တောင်ပေါ်ဒေသက ဘိန်းခင်းတွေ ဖျက်တော့…..”ဗိုလ်ကြီး ငါတို့စိုက်တာက မုံညှင်းပဲ။ ဘယ်လိုလုပ် ဒီအပင်တွေ ပေါက်လာသလဲ ငါမသိဘူး”ဆိုသလို ဖြစ်နေပါရော့လား။
(နရီမိုး)