မေလ ၃၀ ရက်နေ့တိုက်ပွဲသတင်းများ

မေ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

မံစီမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ထိရောက်သည့်လေကြောင်းပစ်ကူကြောင့် KIA/PDF များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီး KIA တပ်ဖွဲ့ဝင်များ၏ ရှေ့မှ အသေခံတိုက်ပွဲဝင်နေရသည့် အညာသားPDF များ စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်

မောင်တောမြို့တွင်း လူ၊ ယာဉ် ဝင်/ထွက် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် မောင်တောမြို့လမ်းဆုံ၌ မသင်္ကာဖွယ် လူ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ ၉ မမကျည် ၁၅ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့။

၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ မောင်တောမြို့ ရပ်ကွက် ၄ ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ AA သောင်းကျန်းသူအဖွဲ့မှ ဒုတကအဆင့်ရှိ နေထွန်း လင်း(ခ) အောင်ဇော်နှင့် ၊ တပ်သား မြင့်နိုင်၊ တက နေမျိုးထွန်းတို့ ၃ ဦးအား ဩစတြေးလျထုတ် Glock GESMBH ၉ မမပစ္စတို ၁ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ ကျည် ၂၈ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။

စစ်ကိုင်းတိုင်း

ကန့်ဘလူမြို့နယ် အနီးတစ်ဝိုက် PDF အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားနေသော နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ယမနေကျေးရွာအနောက်ဘက် မီတာ ၅၀၀ ခန့်အကွာ အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့။

PDF ၄ လောင်း၊ အမ်(၂၂) ၁ လက်၊ လက်လုပ် ၁၂ ဘိုးလ် ၂ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၆၀ တောင့်၊ လက်လုပ် ၄၀ မမဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၅ လုံး သိမ်းဆည်းရမိခဲ့။

ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ရွှေဘိုကျေးရွာ မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သူအင်အား ၂၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့။

ပင်လည်ဘူးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၇ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

KIA ၁ လောင်း၊ ၄၀ မမဆုံလည်သေနတ် ၁ လက်၊ ၄၀ မမဗုံးသီး ၆ လုံး၊ အမ်(၂၂) ကျည်အိမ် ၃ ခု၊ ကျည် ၇၀ တောင့်၊ လမ်းလျှောက်စကားပြောစက်(မကောင်း) ၁ လုံး သိမ်းဆည်းရမိခဲ့။
မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရ။

Posted in Uncategorized