မော်တင်စွန်း ဘုရားပွဲတော် တပေါင်းလပြည့်နေ့အထိ ကျင်းပလျက်ရှိ

မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ကျင်းပ နေရာ ဘုရားဖူးများစည်ကားလှ ကြောင်း ပုသိမ်သ င်္ဘောဆိပ်တွင် မြင်တွေ့နိုင်ပါသည်။ ပွဲတော်အား မတ်လ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည့်အတွက် ပိတ်ရက်နီးလာလေ ဈေးသည်များ၏ ကုန်လက်ကျန်များ လျော့ဈေးဖြစ်လေဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း ပိုမိုစည်ကားနေပါသည်။”လမ်းကောင်းပါတယ်။ ကျွန်မတို့က ပုသိမ်အထိကားနဲ့သွားပြီး ညနေ၆နာရီခွဲမှာ သင်္ဘောစီးပြီးသွားတာပါ။တိုက်ရိုက်ကားနဲ့လာကြတဲ့လူတွေလည်းအများကြီးပါ။ရန်ကုန်ပုသိမ် ၄ နာရီ ပုသိမ်မော်တင်စွန်း ၅ နာရီမောင်းရတယ်တဲ့။ လမ်းကအတတ်အဆင်းအကွေ့များတယ်ပြောပါတယ်။သ င်္ဘောကရိုးရိုးလည်းရှိတယ်၊အခန်းကတော့ကြိုဝယ်ရပါတယ် အိပ်စင်ပါ ၂ ယောက်အိပ်ခန်းကို ၃၆၀၀၀ ကျပါတယ်”ဟု မော်တင်စွန်း ရောက် နေသည့် ဘုရားဖူး ပြည်သူတစ်ဦးက ပြောသည်။

Posted in Uncategorized