သြဂုတ်လ ၁၁ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြိုအနီးရှိ ရွာအမှတ် (၁၀)၊ ဟွေးယိုကျေးရွာ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသိုပိုဆောင်မည့် Drone နှင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံလုပ်ခြုံရေးအဖွဲများမှ ယာဥ်များအားစစ်ဆေးစဥ် Toyota မီးခိုးရောင်ယာဥ်အတွင်းမှ X-UAV မော်ဒယ် Talon Drone ၆၀ စီး၊ DJI Mavic ၂ စီး၊ DJI Battery ၃၅ လုံး၊ UAV မော်တာ ၃၆ လုံးတိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။