မြန်မာနိုင်ငံမှ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တို့ပူးပေါင်း၍ နတ်မြစ်အတွင်းရှိ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်၌ ရေကြောင်းကင်းလှည့်မူပြုလုပ်နေကြောင်း သိရပါတယ်။
အဆိုပါ ရေကြောင်းကင်းလှည့်ခြင်းများကို ဇူလိုင်လ ၁၈ ရက်၊ ၂ဝ ရက်နှင့် ၂၂ ရက်တို့တွင် ၃ ရက်ကြာ ပြုလုပ်သွားမည်ဟု နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားပါတယ်။