မြန်မာ ကက်စ်မဲရိုး(ခ) ဝေလင်းအောင်

နည်းပြသစ်လက်ထက်မြန်မာ လက်‌ရွေးစင်အသင်း ရဲ့ ကွင်းလယ်ပိုင်းမှာ ကစားအားကောင်းကောင်းနဲ့ ကစားသမားတစ်ဦးကို
ပရိတ်သတ်တွေ သတိထား မိလာကြပါတယ်။
သူကတော့ ကွင်းလယ်အဖျက်ကစားတဲ့ ဒဂုံစတားက ဝေလင်းအောင် ဖြစ်ပါတယ်။
မြန်မာအသင်းရဲ့ DMF နေရာမှာကောင်းကောင်း အသုံးတော် ခံနိုင်တဲ့ ကစားသမားက လက်ချိုးရေ လို့ရပါတယ်
ရန်အောင်ကျော် လှိုင်းဘိုဘို တို့နောက်ပိုင်း ကျော်မင်းဦး ထွက်ပေါ် လာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာကြောင့်
ကစားသမားဘဝကို စွန့်ခွာလုနီးပါးအထိဖြစ်ခဲ့ပါတယ် ခုတော့ မျှော်လင့်ချင်စရာအကောင်းဆုံး အဖြစ် ဝေလင်းအောင် ထွက်ပေါ် လာခဲ့ပါပြီ။
အားပါတဲ့ ကန်ချက်တွေနဲ့ အတူ ခန္ခာကိုယ်တည်ဆောက်ပုံက မြန်မာ ကစားသမားတွေထဲမှာတော့ ရှားပါးတဲ့ ပုံစံအသွင်အပြင်ရှိတဲ့သူပါ။
ကသာမြို သားတစ်ဦးဖြစ်ပြီး ၂၀၁၃ မှာ မန္တလေးမြို က အားကစားသိပ္ပံကျောင်းကို တက်ရောက်ခဲ့ပါတယ်
အားကစားသိပ္ပံအသင်းနဲ့ပွဲ၊ လိဂ်ပွဲတွေ ပါဝင်ကစားခဲ့ပြီး ၂၀၁၇ မှာတော့ မြန်မာ ယူ၁၈ အသင်းမှာ ရွေးချယ် ခံခဲ့ရပါတယ်
ဒါ့အပြင် ဗီယက်နမ် ဆီးဂိမ်းမှာလည်း လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်
ဒါဟာ ဝေလင်းအောင်ရဲ့ နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝ အစလို့ဆိုရမှာဖြစ်‌ပေမယ့်။
ပွဲထွက်ကစားခွင့်တော့မရခဲ့ပါဘူး
သက်တမ်းအလိုက်ပြိုင် ပွဲတွေမှာ ပွဲထွက်ခွင့်မရသေးပေမယ့်လည်း ကလပ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်တာမို့
ပထမဆုံး လက်ရွေးစင်အသင်းကြီးအတွက် ခေါ် ယူမှုအဖြစ် မြန်မာလက်ရွေးစင်နည်းပြဟောင်း
အန်တိုနီဟေးလ် ရဲ့ မစ်ဆူဘီရှီဖလား ပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခွင့်ရပြီး ကစားခွင့်လည်း ၁ကြိမ် ရရှိခဲ့ပါတယ်
အန်တိုနီဟေးလ်အလွန် နည်းပြသစ် မိုက်ကယ်လက်ထက်မှာတော့ နည်းပြကြီးဟာ မြန်မာ ကွင်းလယ်အင်ဂျင်ကို
ပြန်လည် တည်ဆောက်နေခဲ့ ပြီး ဝေလင်းအောင်ကိုလည်း ကွင်းလယ်အဖျက်အဖြစ် စတင်အသုံးပြုနေပြီဖြစ်ပါတယ်။
သူရဲ့ ကစားပုံကို တော့ အနီးစပ်ဆုံး တရုတ်ကို ရှုံးတဲ့ပွဲ နဲ့ မကာအိုကို နိုင်တဲ့ပွဲတွေမှာ တွေ့ မြင်နိုင်ပါတယ်။
၅ပေ ၁၀ လက်မရှိတဲ့အရပ် ကြံ့ခိုင်တဲ့ ခန္ဓာပုံတည်ဆောက်ပုံ တွေက ကျန်မြန်မာ ကစားသမားတွေနဲ့ ပွဲထွက်နေပြီး
ကွင်းလယ်ဖိုက်တာ တစ်ဦးလို့ ခံစားမိစေ နိုင်ပါတယ် ကွင်းတွင်းကစားပုံအရ ရိုးရှင်းပြီး တာဝန်ယူမှုအပြည့် အာရုံစူးစိုက်မှုအပြည့် နဲ့ ကစားလေ့ရှိပါတယ်။
ကစားတဲ့နေရာကလည်း ကွင်းလယ်အဖျက်ဖြစ်ပြီး ကွင်းလယ်အဖျက်ကစားသမားတစ်ယောက်မှာ ရှိသင့်တဲ့
မကြောက်မရွံ ရဲရဲဝင် ရဲရဲထွက် ပြိုင်ဘက်ကို ဂရုမစိုက်တဲ့ ဟန် အပြည့်ပါ။
ဒါ့အပြင် ခပ်ကြမ်းကြမ်း ကစားဟန်နဲ့ လည်း လိုက်ဖက်မှုရှိပြီး မြန်မာ ပရိတ်သတ်အချိုကတော့
သူ့ကို “မြန်မာ ကက်စ်မဲရိုး”လို စခေါ် နေကြပါပြီ။
နည်းပြသစ်လက်ထက်မှာ ကစားပုံတိုးတက်လာတယ်လို့ ချီးကျူးမှုအချို ရရှိထားခဲ့တဲ့
မြန်မာအသင်းအနေနဲ့ ပြန်လည် တည်ဆောက်နေတဲ့ အချိန်အပိုင်းအခြားကိုရောက်နေပြီး
သည်လိုအချိန်မှာ ဝေလင်းအောင် လို မျိုးဆက်သစ်ကစားသမားတစ်ဦးထွက်ပေါ် လာခြင်းက
အနာဂတ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတဲ့ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။

Sport_Journal

Posted in Uncategorized