ယာဥ်စီးခ ပိုမိုကောက်ခံသည့် YBS ယာဥ်စီးရေ (၁၀၀) ကျော်ကို CNG ထုတ်ယူခွင့်ပိတ်

ရန်ကုန်မြို့ တွင်းပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများမှ ယာဉ်စီးခပိုမိုကောက်ခံသည့် အစီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန် က ပြောသည်။

အဆိုပါ လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူခြင်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ခရီးသည်များ၏ တိုင်ကြားလာမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

“အခုက တော်တော်ဆိုးတယ်။ အခုဆိုရင် လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာ၊ CNG ထုတ်ယူခွင့်ပိတ်သိမ်းတာတွေနဲ့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ်နေတယ်။ မီးနီးဖြတ်မောင်းတာတွေကို ထိထိရောက်ရောက်အရေးယူတာတွေလုပ်နေတယ်”ဟု ၎င်းကဆိုသည်။

Posted in Uncategorized