ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ Andrei Belousov ဆိုတာ..

ရုရှားဖက်ဒရေးရှင်းနိုင်ငံက လောလောလတ်လတ်ခန့်အပ်လိုက်တဲ့ အသက် ၆၅ နှစ်အရွယ်ရှိ ကာကွယ်ရေးဝန်ကြီး Andrei Belousov ဟာ သမ္မတပူတင်နဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက်တွေကို အဓိက ကိုင်ဆောင်တဲ့ Macroeconomist စီးပွားရေးပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးသစ်ဟာ နိုင်ငံ့စီးပွားနဲ့ ပတ်သက်လာရင် သဘောထားတင်းမာသူဖြစ်ပြီး တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ခဲ့ခြင်းတို့ကြောင့် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို အချိန်ကြာမြင့်စွာ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

ဝန်ကြီးသစ်ဟာ ရှေ့တန်းစစ်မြေပြင်တပ်ဖွဲ့တွေအပေါ် တိုက်ရိုက်ကိုင်တွယ်ဖို့ ဆန္ဒရှိမည်မဟုတ်ပဲ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာများကိုသာ လုပ်ကိုင်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဝန်ကြီးသစ်သည် ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပုဂ္ဂိုလ်မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ်ကတည်းက သမ္မတ ပူတင်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားသိမ်းပိုက်မှုကို ထောက်ခံအားပေးတဲ့ စီးပွားရေးပညာရှင်တွေထဲကတစ်ဦးဖြစ်တယ်လို့လည်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလျက်ရှိပါတယ်။

ဝန်ကြီးသစ် Andrei Belousov ကို ခန့်အပ်လိုက်ခြင်းဟာ ရုရှား-ယူကရိန်းပဋိပက္ခတွေကို ပိုမိုပြင်းထန်စေမှာဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေကို ရုရှားနိုင်ငံထက် အရင်စစ်ပန်းလာစေဖို့ တွက်ချက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနဲ့ ရုရှား-ယူကရိန်း ပဋိပက္ခများအတွင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ သဘာဝကျကျ ရွေးချယ်လိုက်တာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လျက်ရှိကြပါတယ်။ #Crd

Posted in Uncategorized