ရေကြီးမှု အခြေအနေသတင်း

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် (၀၇၀၀) နာရီ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်မှာ တည်ရှိနေကြောင်း သိရှိရပါတယ်။

ယနေ့မြန်မာစံတော်ချိန် (၀၆၃၀) နာရီချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၁) ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ပြီး တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် အထက် ဆက်လက်တည်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်…

Posted in Uncategorized