နိုဝင်ဘာလ ၉ ရက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်၊ သရက်ခြံ ၄ လမ်းထိပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကင်းလှည့်ကား တစ်စီးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။
ဖြစ်စဉ်အမှန်မှာ နိုဝင်ဘာလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်၊ သရက်ခြံ ၄ လမ်းထိပ်တွင် လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို လက်ပစ်မိုင်းဖြင့်တိုက်ခိုက်ခံရခြင်းလည်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ဇာတ်လမ်းဆင်ကာ တပ်မတော်ကိုတမင်အပုတ်ချချင်တာနဲ့ လက်ပစ်မိုင်းဖြင့်တိုက်လိုက်တာ စစ်သား ၃ ဦးသေတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။