လားရှိုးတိုက်ပွဲအခြေအနေ

ဇူလိုင် ၇ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်(မြောက်ပိုင်း) လားရှိးမြို့နယ် နတ်စင်ကုန်းနှင့် သီလရှင်ကျောင်းနေရာများ၌ အခြေပြုနေသော MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး နတ်စင်ကုန်းနှင့် သီလရှင်းကျောင်းနေရာများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့။

တပ်မတော်၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြောင့် အကြမ်းဖက် သောင်းကျန်းသူများသည် ထိခိုက်အကျအဆုံးများပြားနေပြီး ၎င်းတို ထိခိုက်ကျဆုံး သည့်အလောင်းနှင့် ဒဏ်ရာရသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့။

ဖြစ်စဉ်အတွင်းမှ ၎င်းတို့ မဆွဲယူနိုင်ဘဲ ကျန်ရစ်ခဲ့သည့်-

-ရန်သူ့အလောင်း ၅ လောင်း
-အာပီဂျီ ၁ လက်
-အမ်(၂၂) ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။

Posted in Uncategorized