လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ စျေးနှုန်းပိုသာစွာ ရောင်းဝယ်ခြင်းများရှိက အရေးယူမည်

ဗဟိုဘဏ်က ထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ လိုင်စင်ရှိသူများအနေဖြင့်လည်း သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူမည်ဟု အသိပေး

ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ လိုင်စင်ရှိသူများအနေဖြင့်လည်း သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အ‌ရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က အသိပေးကြေညာထားသည်။

အထက်ဖော်ပြထားသော အသေးသုံး အစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိသည့် AD လိုင်စင်ရဘဏ်ခွဲများတွင် ဝယ်ယူရရှိနိုင်ကြောင်းနှင့် အသေးသုံးငွေသားဖြင့် မလုံလောက်ပါက မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင် လိုအပ်သည့်နိုင်ငံခြားငွေအား နိုင်ငံတကာငွေပေးချေမှုကတ် Debit Card ၊ Credit Card များဖြင့်လည်း သုံးစွဲနိုင်သည်။

Posted in Uncategorized