ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှစ၍ ဗန်းမော်-ဒေါ့ဖုန်ယန်မှ လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယန်ရွာကို စစ်ကူပေးရန် ထိုးစစ်ဆင်လာသော စစ်တပ်၏ ခလရ ၅၆ တပ်ရင်း၊ ခလရ ၇၇ တပ်ရင်းတို့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၅၊ အမှတ် ၂၄ တပ်ရင်းတပ်ဖွဲ့များက ခလားကုန်းဆင်းလမ်းထောင့်တစ်နေရာ၌ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗန်းမော်-ဒေါ့ဖုန်ယန်၊ ခလားကုန်းဆင်းလမ်းထောင့်တစ်နေရာတွင် တပ်မတော်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်သာရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ တိုက်ပွဲဖြစ်စဉ်မရှိဘဲ KIA ကစောင့်ကြိုတိုက်ခိုက်တာ စစ်သား ၄၀ ဦးသေပြီး ၅၀ ကျော်ဒဏ်ရာရတယ်၊ လက်နက်ခဲယမ်းရိက္ခာများကိုလည်းသိမ်းဆည်းရမိတယ်လို့ သတင်းအမြတ်ထုတ်ကာ ဂုဏ်ဖော်ရေးသားထားခြင်းသာဖြစ်ပါတယ်။
Disinformation
FACT-CHECK