လူရွှင်တော်တွေအတွက် သတင်းကောင်း

လူရွှင်တော်ရွာတည်ဖို့အတွက် မြေ ၅ ဧကကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးထားကြောင်း ဇူလိုင်လ ၇ ရက်နေ့က နေပြည်‌တော်ရှိ MICC-2 မှာ ကျင်းပခဲ့တဲ့ (၁၃)ကြိမ်မြောက်
သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲမှာမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်…လူရွှင်တော်တွေ နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့ အခုလို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကို ရင်ထဲကနေ ပြောမပြတတ်အောင် လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးအထူးတင် ဝမ်းသာပီတိဖြစ်မိ
တာ အမှန်ပါပဲ…

Posted in Uncategorized