ယမန်နေ့က မွန်းလွဲပိုင်းလောက်မှာ လွိုင်လင်လေးမြို့၊ မီးသတ်ကုန်းက လုံခြုံရေးတပ်ဖွဲ့ကို သာသနာဖျက်၊ မြို့ဖျက်၊ ရွာဖျက်အဖွဲ့ဖြစ်တဲ့ KNPP/KNDF အကြမ်းဖက်သမား ၁၀ ဦး ချဉ်းကပ်လာနေတယ်လို့ ဒေသခံက သတင်းပေးလာတယ်။
သတင်းရတာနဲ့ လုံခြုံရေးအဖွဲ့ ၁၀ ဦးက လက်တံအနေနဲ့ ရှေ့ကိုကြိုထုတ်ထားပြီး ထောက်ထားလိုက်တယ်။ အကြမ်းဖက်သူပုန် ၁၀ ဦးက မသိရှာဘူး .. ကုပ်ခြောင်းခြောင်းနဲ့ ကုန်းအခြေနားကပ်လာတော့မှ လက်တံ ၁၀ ဦးက ခပ်ကြမ်းကြမ်း တေ့ဖြုတ်လိုက်တာ သူပုန်တွေ ပစ်ချိန်မရဘဲ သေနတ်လေးတွေကောက်ပြီး ထွက်ပြေးသွားတယ်။
ကိုယ် ၁၀ ဦး၊ သူ ၁၀ ဦး ဖိုက်တာ။ KNPP/KNDF တွေ ကွေးကောက်သွားတယ်။ သေနတ်လောက်ပဲ ပြန်ကောက်နိုင်ပြီး အလောင်းတွေတော့ ကောက်မသွား နိုင်လိုက်ဘူး။ ၄ လောင်းနဲ့ ၁ လက် ကျန်ရစ်ခဲ့တယ်။ ဘယ်သူ လက်သွက်လဲဆိုတာ သူပုန်တွေ သိသွားလောက်ပါပြီ။ ရဲဝံ့တဲ့စစ်သည်များကိုလည်း ချီးကျူးပါတယ်။
ရှမ်း-ကယားနယ်စပ်တွေဖြစ်တဲ့ လွိုင်လွင်လေး၊ ထီးစဲခါး၊ တီးလုံဒေသဘက်တွေမှာတော့ ဒေသခံက ရန်သူ့ လှုပ်ရှားမှုသတင်းကို အမြဲပေးနေတော့ KNPP/KNDF တို့ဆိုတာ ကလေးအဆင့် ငယ်နိုင်တွေပဲ။ သတင်းပေးတဲ့ ဒေသခံတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။