လှိုင်သာယာဘက်မှာ တပ်က အိမ်ခြေ ၃၀၀ ကျော်ကို ဖျက်ဆီးဆိုတဲ့သတင်းအမှား

မတ်လ ပထမအပါတ်မှစ၍ လှိုင်သာယာမြို့နယ် အနောက်ဘက်၊ ကျွန်းကြီးကျေးရွာမှ စက်မှုဇုန် – ၂ ဆက်သွယ်ထားသော စံပယ်လမ်းအား ပြုပြင်ရန်အတွက် လမ်းဧရိယာနှင့်မလွတ်ကင်းသော အဆောက်အဦးနှင့် နေအိမ်များအား ဖယ်ရှားပေးရန် အသိပေးစာ တရားဝင် ထုတ်ပေးထားပြီးနောက် လမ်းဧရိယာမလွတ်သည့်နေရာ၌ သံဃာနာယကအဖွဲ့၏ ခွင့်ပြုချက်တစ်စုံတစ်ရာရယူခြင်းမရှိဘဲ မေလအစောပိုင်း၌ ရုပ်ပွားတော်အား အမြန်တည်ထားခြင်းဖြစ်ပါသည်။

မေလ ၂၄ ရက်နေ့တွင် လမ်းပြုပြင်ရန်အတွက် ဧရိယာအတွင်း ဖယ်ရှားထားခြင်းမရှိသော နေအိမ် ၁၆ လုံးနှင့် သံဃာနာယက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်လက်စဖြစ်သော ရုပ်ပွားတော်တို့အား ဥပဒေနှင့်အညီ ဖယ်ရှားခဲ့ရခြင်းကို Khit Thit Media မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်လွဲမှားပြီး မုန်းတီးစေရန် ဖြစ်စဉ်ကို ပုံကြီးချဲ့၍ နေအိမ် ၃၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်ဆိုပြီး အပုတ်ချကာ ဗြောင်လိမ်ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

Posted in Uncategorized