ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒေါင့်အိုင်ကျေးရွာအနီး တောတွင်းတစ်နေရာတွင် PDF စခန်းကို လိုက်လံစုံစမ်းနေသည့် စစ်ဗိုလ် ၂ ဦးနှင့်ပျူစောထီး ၂ ဦးကို ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ ဗိုလ် ၂ ဦးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၅ ရက်နေ့၌ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒေါင့်အိုင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းမရှိဘဲ PDF များက အပြစ်မဲ့ပြည်သူ ၂ ဦးအား လက်နက်အားကိုးနဲ့ ဖမ်းဆီးသတ်ဖြတ်သွားခြင်းသာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ PDF များက ရွာသားများအား စိတ်ထင်တိုင်း အနိုင်ကျင့်သတ်ဖြတ်သွားတာကို အမှန်မရေးဘဲ Khit Thit မှ ပြည်သူများ အထင်မှားစေရန် ဗြောင်လိမ်ဗြောင်စား စွပ်စွဲပြီး လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။