အောက်တိုဘာ ၂၃ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာအရှေ့မြောက်ဘက်၌ KIA အဖွဲ့များရောက်ရှိနေကြောင်း သတင်းအရ
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေသွားရောက်ရှင်းလင်းရန် ထွက်ခွာလာစဉ်
KIA စခန်းတစ်ခုအား တွေ့ရှိသဖြင့် စတင်ပစ်ခတ်ခဲ့ရာ KIA ၁၅ ဦးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ
KIA များ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းစခန်းအား တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပါတယ်..
၎င်းစခန်းအတွင်းမှ-
-လက်လုပ်သေနတ် ၁ လက်
-ကျည်အိမ် ၈ ခု
-တရုတ်လက်ပစ်ဗုံး ၁ လုံး
-လမ်းလျှောက်စကားပြောစက် ၄ လုံး
-ယူနီဖောင်း ၃ စုံ
-သစ်လုံးဘန်ကာ ၃ လုံး
-တဲ ၂၂ လုံး
-ဆက်သွယ်ရေးမြောင်း ၅၀၀ မီတာ သိမ်းဆည်းရမိခဲ့ဟု သိရှိရပါတယ်…