နိုဝင်ဘာ ၉ ရက်နေ့နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ပန်းဆိုင်းဆိပ်ကမ်းအနီးတွင်တပ်မတော်၏ ဖလပ်ခွံသင်္ဘော ၂ စီးနှင့် တွန်းသင်္ဘော ၂ စီးကို ဒေသခံပြည်သူကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်များ ၄ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်သားများကသင်္ဘော ၄ စီးကို စွန့်ခွာထွက်ပြေးသွားဖြင့် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း Khit Thit မှ သတင်းမှား ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၉ ရက်နေ့၌ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ပန်းဆိုင်းဆိပ်ကမ်းအနီးတွင် တပ်မတော်ရဲ့ သင်္ဘောများ ဆိုက်ကပ်ထားခြင်းမရှိကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတွင်လည်း ခုတ်မောင်းခြင်းမပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ပြည်သူများပိုင်ဆိုင်တဲ့ ကုန်တင်သင်္ဘောများကို PDF တွေက လက်နက်အားကိုးနဲ့ အနိုင်ကျင့်ကာ အတင်းအဓမ္မလုယက်ခြင်းသာဖြစ်နိုင်ပြီး Khit Thit မှ အများပြည်သူများ အထင်အမြင်မှားအောင် လုပ်ဇာတ်ဆင်ကာ ဗြောင်လိမ်ဗြောင်စားရေးသားထားခြင်းသာဖြစ်ပါတယ်။